ခရီးသွားမေတ္တာ
ပြည်ပဘုန်းကြီးများအတွက် ခရီးသွားလမ်းကြောင်း

အရှင်ဘုရားတို့ရဲ့ အကောင်းဆုံး ခရီးသွားဖော်

တပည့်တော်တို့ ၏ ရည်ရွယ်ချက်များ

အရှင်ဘုရားက မလေးရှားနိုင်ငံသို့ ဝင်ရောက်ရန် နည်းလမ်းရှာနေသည့် နိုင်ငံခြားဘုန်းကြီးတစ်ပါးလား? လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များသည် တုန်လှုပ်ဖွယ်ဖြစ်နိုင်သည်ကို တပည့်တော်တို့နားလည်ပါသည်၊ ထို့ကြောင့် အရှင်ဘုရားတို့၏ နိုင်ငံအကူးအပြောင်းနှင့် အသွားအလာကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဤစာမျက်နှာကို စုစည်းထားပါသည်။

အရှင်ဘုရားရဲ့ အစီအစဉ်

ဤစာမျက်နှာတွင် ဗီဇာရယူခြင်းမှ ဒေသတွင်း ဓလေ့ထုံးတမ်းများကို နားလည်ခြင်းအထိ၊ အရှင်ဘုရားတို့ မလေးရှားနိုင်ငံသို့ အောင်မြင်စွာသွားနိုင်ရန် လိုအပ်သော အချက်အလက်များကို ဖော်ပြပေးပါမည်။ ဤလူမျိုးပေါင်းစုံနေထိုင်နေသည့် နိုင်ငံတစ်ခုတွင် အရှင်ဘုရားတို့၏ နေထိုင်မှုကို အကောင်းဆုံးဖြစ်စေမည့် အကြံပြုချက်များကို ပေးသွားပါမည်။

ထို့ကြောင့် အရှင်ဘုရားသည် မလေးရှားနိုင်ငံသို့ ကြွရောက်လိုသော နိုင်ငံခြားသား ဘုန်းကြီးတစ်ပါးဖြစ်လျှင် ယခုက နေရာမှန်ကိုရောက်ပြီ၊. ခရီးသွားမေတ္တာက အရှင်ဘုရားရဲ့ နိုင်ငံအကူးအပြောင်းကို တတ်နိုင်သမျှ ချောမွေ့အောင်လုပ်ဖို့ ဒီမှာရှိတယ်။.မလေးရှားမှ ကြိုဆိုပါတယ်။!

မလေးရှားနိုင်ငံသို့ ခရီးသွားခြင်း
မရှိမဖြစ်လိုအပ်သော အချက်အလက်များ

လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် နောက်ထပ်စာရွက်စာတမ်းများ သို့မဟုတ် အချက်အလက်များကို တောင်းဆိုပိုင်ခွင့်ရှိကြောင်း နားလည်ရန် အရေးကြီးပါသည်။ ထို့ကြောင့် မလေးရှားနိုင်ငံသို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိထံ တင်ပြရန် လိုအပ်သောစာရွက်စာတမ်းများနှင့် အချက်အလက်အားလုံးကို အသင့်ရှိထားရန် အထူးအကြံပြုအပ်ပါသည်။

အကယ်၍ အရှင်ဘုရားသည် မလေးရှားနိုင်ငံသို့ ခရီးထွက်ရန် စီစဉ်နေပါက အရှင်ဘုရား၏ နိုင်ငံကူးလက်မှတ်သည် ခြောက်လထက်ပို၍ သက်တမ်းရှိရန် အရေးကြီးပါသည်။ ထို့အပြင် မလေးရှား ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားမူနှင့် ပါတ်သက်တဲ့အဆင့်ဆင့် လုပ်ဆောင်ချက်တွေကိုလည်း နားလည်အောင် လေ့လာထားသင့်ပါသည်။

လွယ်ကူသော အဆင့် 4 ဆင့်

အဆင့် 1
နိုင်ငံကူး လက်မှတ်သက်တမ်း
ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့ အရှင်ဘုရားကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းဟာ မလေးရှားကို ရောက်ရှိမယ့်ရက်က စတင်ရေတွက်ရင် အနည်းဆုံး ၆လ သက်တမ်း ရှိမရှိ စစ်ဆေးရမှာပါ။ ဒီလိုမှ မရှိဘူးဆိုရင် ဗီဇာမလျှောက်ခင် အရှင်ဘုရား၏ နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးဖို့/ အသစ်ရှောက်ထားဖို့ လိုအပ်ပါမည်။
အဆင့် 2
ဆိုက်ရောက်
မလေးရှားမြေကို စတင်ရောက်ရှိသည်နှင့် လူဝင်မှုကြီးကြပ်‌ရေး ကောင်တာကို ပထမဆုံး သွားရောက်ရပါမယ်။
အဆင့် 3
စာရွက်စာတမ်းများ တင်ပြခြင်း
လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် အရှင်ဘုရား၏ နိုင်ငံကူးလက်မှတ်နှင့်တကွ တခြားလိုအပ်သော စာရွက်စာတမ်းများ ( လိုအပ်/ ပါရှိခဲ့ပါက) ကို လူဝင်မှုကြီးကြပ်ရေး အရာရှိကို တင်ပြပါ။
အဆင့် 4
ဗီဇာရရှိခြင်း
လူဝင်မှုကြီးကြပ်ရေးအရာရှိမှ နိုင်ငံကူးလက်မှတ်တွင် နေထိုင်ခွင့် ဗီဇာကို တံဆိပ်တုန်း ထုပေးပါလိမ့်မည်။ ထိုတံဆိပ်တုံးတွင် မလေးရှားတွင်နေထိုင်နိုင်သည့် ရက်/ သက်တမ်းကို ဖေါ်ပြထားပါလိမ့်မည်။ ပုံမှန်အားဖြင့် ရက် ၃၀ နေထိုင်ခွင့် ရရှိတတ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဤအဆင့် (4) ဆင့်ကို လိုက်နာပြီး လိုအပ်သောစာရွက်စာတမ်းများကို ဆောင်ထားခြင်းဖြင့် မလေးရှားနိုင်ငံသို့ ဆိုက်ရောက်ခြင်း နှင့် ဝင်ရောက်ခြင်းတို့ကို အခက်အခဲမရှိပဲ ဝင်ရောက်နိုင်ပါလိမ့်မည်။

မလေးရှားနိုင်ငံသို့ ခရီးသွားခြင်း
အရေးကြီးသော အချက်အလက်များ

ရက် 30 ခရီးသွားဗီဇာဖြင့် ရက်တိုခရီးစဉ်ကို စီစဉ်နေပါက၊ အောက်ပါတို့ကို သတိပြုပါ။

ခရီးသွားမေတ္တာ
ပြည်ပဘုန်းကြီးများအတွက် ခရီးသွားလမ်းကြောင်း

အရှင်ဘုရားတို့ရဲ့ အကောင်းဆုံး ခရီးသွားဖော်

In order to facilitate the smooth processing of your application, we kindly request you to provide the following essential information:

Information needed ( Fill in the Form )

TRAVEL MITTA
အကြီးဆုံး upload အရွယ်အစား - 8.39 MB
အကြီးဆုံး upload အရွယ်အစား - 8.39 MB
အကြီးဆုံး upload အရွယ်အစား - 8.39 MB
အကြီးဆုံး upload အရွယ်အစား - 8.39 MB
တောင်းဆိုချင်ပါတယ်

လျှောက်လွှာတင်ရန် စိတ်ဝင်စားမှုကို ကျေးဇူးတင်ပါသည်။ ဆုံးဖြတ်ချက် တစ်ခုခုမချမီ လျှောက်လွှာအားလုံးကို ဂရုတစိုက်သုံးသပ်ပြီး အကဲဖြတ်သွားမည်ဖြစ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ လျှောက်လွှာတခုချင်းစီတိုင်းကို သေချာစီစစ်ပြီး ရလဒ်ကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားပေးပါမည်။ ဒီလုပ်ငန်းစဉ်ကို နားလည်ပြီး စောင့်မျှော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သာဓု သာဓု သာဓု

သာယာချောမွေ့တဲ့ ခရီးစဉ်တစ်ခုဖြစ်ဖို့ သတိပြု မှတ်သားစရာများ

အောက်ပါအချက်သုံးချက်အတိုင်း လိုက်ပါ‌ဆောင်ရွက်ခြင်းအားဖြင့် ခရီးသွားများအနေဖြင့် ဒေသခံယဉ်ကျေးမှုများကို လေးစားရာ‌ရောက်သဖြင့် မိမိနှင့် ဆက်ဆံသူများကို မိမိကြောင့် အနှောင့်အရှက်ကင်းဝေးစေပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုများကို ရရှိစေမှာပါ။ သတိပေးပါရစေ၊ မိမိက နည်းနည်းလေး အားစိုက်ဆောင်ရွက်လိုက်တာလေး တစ်ခုက ခရီးစဉ် တစ်ခုလုံးကို အဆင်ပြေစေအောင် အထောက်အကူပြုနိုင်ပါတယ်။

သိသာထင်ရှားမှုကို ဖြစ်စေနိုင်တဲ့ အကြံပြုချက်

မလေးရှား ဥပဒေများနှင့် စည်းမျဉ်းများ

နိုင်ငံတစ်နိုင်ငံရဲ့ ဉပဒေတွေကို လိုက်နာဖို့ကတော့ မိမိခရီးစဉ် ဘေးကင်း လုံခြုံဖို့အတွက် နံပါတ် ၁ ပါဘဲ။ မ‌လေးရှားမှာလည်း ခရီးသွားတွေလိုက်နာရမယ့် ဥပဒေတွေ၊ စည်းကမ်းတွေ ရှိပါတယ်။ ဒါတွေကို မလိုက်နာရင် ဆိုးရွားတဲ့ အကျိူးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ဥပဒေကိုလေးစား လိုက်နာတယ်ဆိုတာ ဥပဒေကို ကြောက်လို့သာမဟုတ်ဘဲ ကိုယ်ကျင့်သိက္ခာအရပါ ဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လိုက်နာတာ အကောင်းဆုံးပါဘဲ။

မလေးရှားသို့ ၃ လ ဗီဇာ

ဗီဇာလျှောက်ထားခြင်း လုပ်ငန်းစဉ်ကို ခက်ခဲနိုင်ကြောင်း နားလည်သော်လည်း တပည်တော်တို့၏အဖွဲ့သည်အရှင်ဘုရားအား ခြေလှမ်းတိုင်းကို ကူညီရန် အသင့်ရှိပါသည်။ လမ်းညွှန်မှုနှင့် ပံ့ပိုးကူညီမှုများ ပေးရန်အတွက်တပည့်တော်တို့ထံ ဆက်သွယ်ရန် တုံ့ဆိုင်းမနေပါနှင့်။ မလေးရှားတွင် အရှင်ဘုရားတို့ အဆင်ပြေချောမွေ့ပြီးသာယာစွာ သီတင်းသုံး သေချာစေလိုပါသည်။

အထူးသဖြင့် ဝါတွင့်သုံးလအတွက် မလေးရှားမှာ သီတင်းသုံးနေထိုင်ဖို့ စီစဉ်နေတဲ့ ဘုန်းကြီးများအတွက်

မလေးရှားသို့ သုံးလဗီဇာလျှောက်ထားရန် အထူးအကြံပြုလိုပါသည်။ ဒီ အဆင့်လေးဆင့်ဖြင့် ပြီးမြောက်အောင်လုပ်နိုင်သော ရိုးရှင်းသော လုပ်ငန်းစဉ်ဖြစ်ပြီး မလေးရှားနိုင်ငံတွင် အရှင်ဘုရား၏ သုံးလဗီဇာကို အလွယ်တကူရယူနိုင်ပါသည်။ ဒီအချက်တွေကို လုပ်ဆောင်ရန် လိုအပ်သည်-

အရှင်ဘုရားတွင် သိချင်တာတခုခု သို့မဟုတ် ပိုမိုရှင်းလင်းနားလည်ရန် သိရှိလိုပါက၊ United Buddhist Order of Malaysia (UBOM) UBOM အကူအညီဖုန်းလိုင်း ကို အခမဲ့ဆက်သွယ်နိုင်ပါသည်။

မလေးရှားသို့ ၃ လ ဗီဇာ

ဤစစ်ဆေးရန်စာရင်းသည် လျှောက်လွှာမတင်သွင်းမီ လိုအပ်သော စာရွက်စာတမ်းများနှင့် လိုအပ်ချက်များအားလုံးကို ပြည့်မီကြောင်း သေချာစေရန်အတွက် လမ်းညွှန်ချက်တစ်ခုဖြစ်ပါသည်။ လျှောက်ထားသူ အားလုံးသည် လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်များအားလုံး အဆင်ပြေချောမွေ့စေရန် အောက်ပါ စစ်ဆေးစာရင်းတွင်ဖော်ပြထားသော လမ်းညွှန်ချက်များကို ဂရုတစိုက် လိုက်နာရန် အထူးအကြံပြုအပ်ပါသည်။

3 လ ဗီဇာ လျှောက်လွှာအတွက် စစ်ဆေးရန်စာရင်း

မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းမှ မလေးရှားကိုလာမည့် ဘုန်းကြီးကို ထောက်ခံသော စပွန်စာလျှောက်လွှာ။ အဆိုပါလျှောက်လွှာကို ဘန်ကောက်ရှိ မလေးရှားသံရုံးသို့ လိပ်မူ၍ ပေးပို့ရမည်ဖြစ်သည်။
နိုင်ငံကူးလက်မှတ် မူရင်း
နိုင်ငံကူးလက်မှတ် မိတ္တူ (၂) စောင်
ဗီဇာလျှောက်လွှာပုံစံ- IMM47 မိတ္တူ (၂) စောင်
နိုင်ငံကူးလက်မှတ်ဓါတ်ပုံ အရွယ်အစား ဓာတ်ပုံ (၂) ပုံ
အကယ်၍ ပါရှိပါက လေယာဉ်လက်မှတ် မူရင်းနှင့် မိတ္တူ (၂) စောင်
သာသနာဝင် မှတ်ပုံတင်ကတ်ပြား (မိတ္တူ)
အဖွဲ့အစည်း (သို့) အာမခံပေးသူမှ ပင့်ဖိတ်သော စာရွတ် မိတ္တူ
မိမိအား အာမခံပေးသူ (သို့) အသင်းအဖွဲ့၏ အချက်အလက်များ
(a) အသင်းအဖွဲ့၏ မှတ်ပုံတင်လက်မှတ် (Borang 3 Perakuan Pendaftaran)
(b) အသင်းအဖွဲ့၏ ကော်မတီအဖွဲ့ဝင် စာရင်း
(c) မြေယာ ခေါင်းစဉ် (များ)
တရားဝင်လက်မှတ် ထိုးသူ၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူ
United Buddhist Order of Malaysia (UBOM) မှ ထောက်ခံ/အကြံပြုစာ

အကယ်၍ မလေးရှားမှာ ၃ လ (သို့) ၃လအထက်နေဖို့ မိမိမှာ အစီအစဉ်ရှိရင်

ဝင်ခွင့်အတွက် လိုအပ်ချက်

VWTR – Visa Without Reference ( ဗီဇာကို မလေးရှားနိုင်ငံရဲ့ ကိုယ်စားလှယ် နိုင်ငံတွေက ထုတ်ပေးသည် )
VTR – Visa with Reference ( ဗီဇာကို လူဝင်မှုကြီးကြပ်ရေးဌာနမှ ထောက်ခံသည် )

ဘန်ကောက်မြို့ရှိ မလေးရှားသံရုံး

လိပ်စာ
Kronos Sathorn Tower Level 17,46 North Sathorn Road, Silom, Bang Rak, Bangkok.
ဖုန်းနံပါတ်
+66-2340-5720 (အထွေထွေအတွက်)
+66-2340-5731/5732 ( ကောင်စစ်ဝန်ကိစ္စအတွက် အလုပ်ချိန်အတွင်းသာ ဆက်သွယ်ရန် )
+66-87-028-4659 (အရေးပေါ်အတွက် သီးသန့် - ပိတ်ရက်များနှင့် အစိုးရ ရုံးပိတ်ရက်များတွင်သာ ဆက်သွယ်ရန်)
ဖက်စ်
+66-2340-5721
အီးမေး
ဂရင်းနစ် စံတော်ချိန်
+ 7 hrs
-
အလုပ်လုပ်သည့်ရက်များ
တနင်္လာနေ့ မှ သောကြောနေ့
-
အလုပ်လုပ်ချိန်
မနက် (၈) နာရီ မှ ညနေ (၄) နာရီ အထိ
-
ပိတ်ရက်များ
စနေ, တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ
တည်နေရာ မြေပုံ
-

PROFESSIONAL VISIT PASS (မလေးရှားနိုင်ငံရဲ့ PVP လည်ပတ်ခွင့်ကဒ် )

UBOM သည် မလေးရှားနိုင်ငံတွင် ရေရှည်အစီအစဉ်ဖြင့် တရားဓမ္မ ပြန့်ပွားရေးလုပ်ငန်းများကို ပြုလုပ်နေသောနိုင်ငံခြားဘုန်းကြီးများ (သို့) မလေးရှားနိုင်ငံရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီးဖြစ်လာသည့် ဘုန်းကြီးတွေအတွက် ဤ Professional Visitor Pass (PVP) လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။ ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး PVP အတွက် လျှောက်ထားရန် စိတ်ပါဝင်စားသူ တစ်ဦးချင်းစီကို တပည့်တော်တို့ အထူးအကြံပြုအပ်ပါသည်။

PVP (Professional Visit Pass) အတွက် အရေးကြီးသော အချက်အလက်များ